Connect with us

Sport

ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့၏ ဘောလုံးခြေစမ်းပွဲစဉ်ကို မြန်မာဒိုင်များ ကိုင်တွယ်မည်

မြန်မာဘောလုံးအသင်း နှင့် ဘိုလီးဗီးယားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံMFF)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက်တွင် နိုင်ငံတကာခြေစမ်းပွဲ အဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်မည့်ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့ ၏ ဘောလုံး ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတချို့မှ ဒိုင်အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများဖြစ်ကြသည့် ကွင်းလယ်ဒိုင် ဦးသန့်ဇင်ဦး၊ အကူဒိုင် (၁) ဦးချစ်မိုးအေး၊ အကူဒိုင် (၂) ဦးသန်းဇော်မိုး တို့မှ ၎င်းပွဲစဉ်တွင် ဒိုင်အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်းသတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.