Connect with us

Sport

အာရှဖလား ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမားစာရင်း ထုတ်ပြန်

မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီ၏ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စုအဖွင့် ပွဲစဉ်ဖြစ်သည့် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် ပွဲစဉ်အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ထုတ်ပြန်သည်။

ပဏာမ ကစားသမား (၂၆)ဦး စာရင်းတွင် ဝါရင့် ကစားသမား တစ်ဦးဖြစ်သည့် ဆူဇူကီးဖလား ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက် အသင်းနောက်ခံလူ ဝင်းမင်းထွဋ် ဆက်လက်ရွေးချယ် ခံရပြီး လက်ရွေးစင် အသင်းနှင့် အတန်ငယ် ဝေးကွာ နေသည့် သီဟစည်သူ(ဂိုး)၊ တင်ဝင်းအောင်၊ သက်နိုင် (ကွင်းလယ်)၊ သိန်းသန်းဝင်း (နောက်တန်း)တို့လည်း ပြန်လည်ပါဝင်လာခဲ့ကြသည်။ လူငယ် ကစားသမားများ အဖြစ် ဘုန်းသစ္စာမင်း (ဂိုး)၊ စိုးမြတ်သူ၊ စည်သူအောင်၊ သန်လန်ဟက်ထန်တို့လည်း ပါဝင်လာကြပြီး ဆူဇူကီးဖလားတွင် မပါဝင်ခဲ့သည့် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုလည်း ပြန်လည်ပါဝင် လာခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအဖြစ် ယခု မတ်လ ၂၈ ရက်နေ့၊ ရန်ကုန်မြို့ YTC ကွင်းတွင် အိန္ဒိယ အသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲ မတိုင်မီ မတ်လ ၂၂ ရက်နေ့ တွင်လည်း အာဖရိကမှ လက်ရွေးစင် အသင်းတစ်သင်းနှင့် ရန်ကုန်မြို့တွင် ဖိတ်ခေါ် ခြေစမ်းပွဲ ကစားရန် MFF မှ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရွေးချယ်ထားသည့် ပဏာမ လူစာရင်းမှာ ရှေ့တန်း တွင် ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ အောင်သူ (ရတနာပုံ)၊ကွင်းလယ် တွင် မျိုးကိုထွန်း၊ တင်ဝင်းအောင်၊ သက်နိုင်၊ စည်သူအောင် (ရတနာပုံ)၊ ရန်အောင်ကျော် (ရန်ကုန်)၊ စိုးမြတ်သူ (ဆောက်သမ်းမြန်မာ)၊ ဆမ်လန်မန် (ချင်း)၊ ရန်နိုင်ဦး (ရှမ်း)၊ မောင်မောင်လွင်(ဟံသာဝတီ)၊နောက်တန်း တွင် နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဟိန်းသီဟဇော်၊ ဝင်းမင်းထွဋ် (ရှမ်း)၊ သန်လန်ဟက်ထန် (ချင်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန် (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်) တို့ဖြစ်ကြသည်။ ဂိုးသမားများအဖြစ် ပြည့်ဖြိုးအောင် (ဆောက်သမ်း)၊ ရန်အောင်လင်း (ရတနာပုံ)၊ သီဟစည်သူ၊ ဘုန်းသစ္စာမင်း (ရှမ်း) တို့အားရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.