Connect with us

Sport

AFC Women’s Football Day 2017နေ့ အခမ်းအနားရန်ကုန်တွင်ကျင်းပမည်

အမျိုးသမီးအသင်းယှဉ်ပြိုင်ကစားနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မတ်လ (၈)ရက်နေ့တွင် ကျရောက်မည့် AFC Women’s Football Day 2017 (အာရှဘောလုံးအဖွဲ့ချုပ်အမျိုးသမီးများဘောလုံးအားကစားနေ့)အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကာ အမျိုးသားဘောလုံးအကယ်ဒမီ ရန်ကုန်၊ မြက်ခင်းတုကွင်းတွင် မတ်လ ၈ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်အချိန်မှ စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားတွင် မြန်မာ့အမျိုးသမီးလက်ရွေးစင်ဟောင်းများ အသင်းနှင့် KBZ အမျိုးသမီးလိဂ် ညွန်ပေါင်းအသင်းတို့ ယှဉ်ပြိုင်မည့် အစီအစဉ်ပါဝင်သလို အသက် ၅နှစ်မှ ၁၆နှစ်အရွယ် မိန်းကလေးများကို အမျိုးသမီးနည်းပြများမှ ဘောလုံးအခြေခံများကို သင်ကြားပေးမည့် အမျိုးသမီးဘောလုံးပွဲတော် တခုလည်းပါဝင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.