Sport
၂၀၁၆ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကိုအောက်တိုဘာ ၃၁ရက်တွင်စတင်ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၂၀၁၆ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက် ထိ ထိုင်းနိုင်ငံတွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
အုပ်စု(က)တွင် အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ တီမော၊ ဘရူနိုင်းအသင်းတို့ပါ ဝင်ပြီး အုပ်စု(ခ)တွင် မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် လာအိုအသင်းတို့ပါဝင်ကြောင်း သိရသည်။ လက်ရွေး စင် အမျိုးသားဖူဆယ်အသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးဖြင့် စက်တင်ဘာ လမှ စတင်ကာ လေ့ကျင့်ပြင်ဆင်နေပြီး မြန်မာအသင်းအား နည်းပြချုပ်အဖြစ် ဦးဋ္ဌေးမြင့်မှ တာဝန်ယူကိုင်တွယ်နေ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)