Connect with us

Sport

ဗီယက်နမ် ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသို့မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ၂၁ နှစ်အောက် လူငယ်လက်ရွေးစင် အသင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်

မြန်မာယူ ၁၉ အသင်း ၂၀၁၄ အာရှယူ ၁၉ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်စဉ်(ဓာတ်ပုံ- MFF)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပမည့် Youth Newspaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ် ဘောလုံးပြိုင် ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ အသက် ၂၁ နှစ်အောက် လူငယ်လက်ရွေးစင် အသင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း MFF မှ သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းကို ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲဝင် အသင်း၏ ပဏာမ အသင်းအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး နည်းပြချုပ် တာဝန်ကိုလည်း ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းအား ကိုင်တွယ်မည့် ဦးကြည်လွင်ကိုပင် ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသင်းကို ယမန်နှစ်က နယူးဇီလန် နိုင်ငံတွင် ကျင်းပခဲ့သည့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသင်းမှ ကစားသမားများကို ကျောရိုးပြု ဖွဲ့စည်းသွားမည် ဖြစ်ကာ လာမည့် အောက်တိုဘာ ၁၀ တွင် စတင်၍ စခန်းသွင်းလေ့ကျင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Youth Newspaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဂယ်လိုင်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.