Connect with us

Sport

၅ ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အဖွဲ့ ကြေးတံဆိပ်တစ်ခု ထပ်မံရရှိ

ဆုရရှိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့တွင် မြန်မာအသင်းမှ မောင်ခိုင်ဇင်ဝင်းနှင့် မစုလဲ့ဖြိုးတို့ ယှဉ်ပြိုင်သည့် Mixed events Weapon Self-Defense အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်ဆု ထပ်မံရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မြန်မာအသင်း အနေဖြင့် စက်တင်ဘာ ၃ဝ ရက် ပထမနေ့ ပြိုင်ပွဲတွင် အမျိုးသား လေးယောက်တွဲ(လက်နက်ပါ) အမျိုးသား Leg attack techniques ပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်ရရှိပြီး အမျိုးသား Mixed events Weapon Self-Defense အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၌ ဒုတိယ ငွေတံဆိပ်၊ Mixed events Weapon Self-Defense အမျိုးသား/အမျိုးသမီး အသင်းလိုက် လေးယောက်တွဲ ပြိုင်ပွဲ၌ ဒုတိယ ငွေတံဆိပ် ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ ဂျပန်၊ လာအို၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ အီရန်ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိပြီး မြန်မာအသင်း အနေဖြင့် အသင်းခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်လူကြီး၊ ကစားသမား ၁၉ ဦးဖြင့် သွားရောက်ယှဉ်ပြိုင် ကစားလျက်ရှိပြီး ပြိုင်ပွဲတွင် အတိုက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခြင်း မရှိသည့်အတွက် တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ လေးယောက်တွဲ အပြပြိုင်ပွဲ ကိုးမျိုးတို့အား မြန်မာအသင်းမှ အမျိုးသားရှစ်ဦး၊ အမျိုးသမီး လေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.