Connect with us

Sport

၂၀၁၇တရုတ်ဖိတ်ခေါ်အမျိုး သမီး ဘောလုံးပြိုင်ပွဲ ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်

အမျိုးသမီးဂိုးသမားတစ်ဦး ဂိုးဖမ်းနေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၇ တရုတ်ဖိတ်ခေါ်အမျိုး သမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ယူကရိန်းအသင်း တို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုပွဲစဉ် ရေးဆွဲထားမှုအရ ဇန်နဝါရီ ၁၉ ရက်တွင် မြန်မာနှင့် ယူကရိန်း၊ တရုတ် နှင့် ထိုင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် မြန်မာ နှင့်တရုတ်၊ ထိုင်းနှင့်ယူကရိန်း၊ ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာနှင့်ထိုင်း၊ တရုတ်နှင့် ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခု နှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး တရုတ်၊ ယူကရိန်းစသည့် လက်ရွေးစင် အမျိုးသမီးအသင်းများနှင့် ယှဉ်ပြိုင် ကစားခွင့်ရမည်ဖြစ်သောကြောင့် အတွေ့ အကြုံကောင်းများ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၇ ခုနှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာပြိုင်ပွဲများအတွက် ဇန်နဝါရီ ၉ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိပြီး ကစားသမား ၃၀ ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် ယခင် ရွေးချယ်ထားသည့်ကစားသမား ၂၄ ဦး အပြင်အာရှခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ယူ-၁၉ အသင်းမှ အလားအလာရှိသည့် ကစားသမားခြောက်ဦးကို အားဖြည့် ရွေးချယ်ထားသည်။ မြန်မာအမျိုးသမီး အသင်းကို နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာက ကိုင်တွယ်လျက်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခု နှစ်တွင် နိုင်ငံတကာပြိုင်ပွဲလေးခု ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် တရုတ်ဖိတ်ခေါ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲအပြီးတွင် အာရှ ဖလားခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီး ပြိုင်ပွဲနှင့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင် ပွဲတို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဓိကပြိုင်ပွဲများဖြစ်နေသောကြောင့် အောင်မြင်မှုရရန် ပြင်ဆင်ရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.