Connect with us

Sport

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဖွင့်လှစ်မည်

အမျိုးသားဘောလုံးအကယ်ဒမီ အဆောက်အဦးအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးရှိ MFF ရုံးချုပ်အနီးတွင် တည်ဆောက်နေသော အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်)ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ပန္နက်ချခဲ့ခြင်း ဖြစ်ပြီး အလျား ၂၄၇ ပေ၊ အနံ ၄၉ ပေ ရှိသည့် ၂ ထပ် အဆောက်အဦ ဖြစ်သည်။ အကယ်ဒမီ ကျောင်းသားများ လေ့ကျင့်သင်ကြားရန် မြက်ခင်းတုကွင်း ၂ ကွင်းလည်းရှိပြီး သင်တန်းခန်းမ၊ အစည်းအဝေး ခန်းမ၊ အဝတ်လဲခန်း၊ ရေချိုးသန့်စင်ခန်း စသဖြင့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.