Connect with us

Sport

ကမ္ဘောဒီးယားနှင့် ပွဲတွင် သုံးမှတ် အရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြောကြား

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အသင်း ၂၀၁၆ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ တက်နိုင်ရန်အတွက် အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းအား ရှုံးနိမ့်ခဲ့ရပြီးနောက် နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အတွက် လက်ကျန်ပွဲစဉ်များက အရေးပါလာပြီ ဖြစ်ရာ မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက လာမည့် ကမ္ဘောဒီးယားနှင့် ပွဲတွင် အနိုင်သုံးမှတ် အရယူသွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက်တော့ အဖွင့်ပွဲက သိပ်ပြီး စိတ်ကျေနပ်စရာ မကောင်းခဲ့ပါဘူး။ ခုချိန်မှာတော့ ကစားသမားတွေ ယုံကြည်မှုပိုင်း ပြန်လည် မြင့်တက်လာဖို့ အတွက် စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနေပါတယ်။ ကမ္ဘောဒီးယား အသင်းက စုစည်းမှုကောင်းတဲ့ အသင်းကောင်း တစ်သင်းပါ။ နှစ်သင်းလုံးအတွက် သုံးမှတ်အရယူဖို့ လိုနေတဲ့ ပွဲဖြစ်လို့ ခက်ခက်ခဲခဲ ကစားရမှာကတော့ အသေအချာ ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်း ပြိုင်ပွဲအတွင်းမှာ ဆက်ရှိနေနိုင်ဖို့ အတွက် အနိုင်သုံးမှတ်ကို အရယူသွား မှာပါ”ဟု ပြောကြားခဲ့သည်။

အသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း နည်းပြချုပ် ဂတ်ဆီဇီ၏ ပြောကြားမှုကို ထောက်ခံခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အတွက် အရေးပါသည့် ပွဲဖြစ်သောကြောင့် အနိုင်သုံးမှတ်ကို အရယူသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့အတူ ကမ္ဘောဒီးယား အသင်းနည်းပြချုပ် မစ္စတာ လီတေးဟွန်းကလည်း ၎င်းတို့၏ ကျန်ရှိနေဆဲဖြစ်သည့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့် အတွက် အစွမ်းကုန် ကြိုးစားမည်ဟု ဖွင့်ဟခဲ့သည်။ “ပြီးခဲ့တဲ့ မလေးရှားနဲ့ ပွဲက စိတ်ပျက်စရာပါ။ ဒါပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ် ပြုပါတယ်။ မြန်မာအသင်းနဲ့ ကစားရမယ့် နက်ဖြန်ပွဲက ကျွန်တော်တို့ အသင်းအတွက် စိန်ခေါ်မှုကြီး ဖြစ်လာမှာပါ။ မြန်မာအသင်းက ခြေစွမ်းကောင်းပြီး တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိဆဲဖြစ်လို့ မြန်မာနဲ့ ပွဲမှာ အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့သည် နိုဝင်ဘာလ ၂၃ ရက် ညနေ ၆း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.