Connect with us

Sport

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၌ အနိုင်ရ

မြန်မာ့လက်ရွေးစင်နှင့်ကမ္ဘောဒီးယားလက်ရွေးစင်အသင်းတို့ ပွဲတွင်လာရောက်ကြည့်ရှုသော ပရိသတ်များ ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် နိုဝင်ဘာလ ၂၃ ရက်၌ ဆက်လက်ကျင်းပခဲ့ရာ ပထမပွဲ၌ ဗီယက်နမ်အသင်းက မလေးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီးဖြစ်သည်။

ဒုတိယပွဲစဉ်၌ မြန်မာ့လက်ရွေးစင်အသင်းက ကမ္ဘောဒီးယားလက်ရွေးစင်အသင်းကို သုံးဂိုး တစ်ဂိုး ဖြင့်အနိုင်ရရှိပြီး ၃ မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရန် အလားအလာကောင်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းကထိုးဖောက်တိုက်စစ်ဆင်နေစဉ် (ဆင်ဟွာ)

မြန်မာနှင့် မလေးရှားတို့ပွဲစဉ်ကို နိုဝင်ဘာလ ၂၆ ရက်တွင် အကြိုဗိုလ်လုပွဲအတွက် အဆုံးအဖြတ်ယှဉ်ပြိုင် ကစားကြရမည်ဖြစ်သည်။ဖိလစ်ပိုင် နိုင်ငံ၌ကျင်းပနေသောအုပ်စု ( က ) ပွဲစဉ်များတွင်လည်းထိုင်းအသင်းက နှစ်ပွဲနိုင်ဖြင့် အကြိုဗိုလ်လုပွဲတက်ရောက်သွားကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117