Connect with us

Sport

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဖေဖော်ဝါရီလ တွင် ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲ ကစားမည် 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ၏ ယှဉ်ပြိုင်ကစားမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီလ တွင် ယူဂန္ဓာနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့တွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ချန်ပီယံ ကာကွယ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာယှဉ်ပြိုင်မည့် Uganda International Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံတွင် လည်းကောင်း၊ Kenya Future Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကင်ညာနိုင်ငံ၌လည်းကောင်း ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာ သည် ပြိုင်ပွဲနှစ်ခုစလုံး ဆက်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ယူဂန္ဓာနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့တွင် ကျင်းပခဲ့သည့် အဆိုပါပြိုပွဲ နှစ်ခုစလုံးတွင် ချန်ပီယံဆု ဆွတ်ခူးထားသူဖြစ်သူဖြစ်သည်။သက်ထားသူဇာသည် သူ၏ကစားသမားဘဝတစ်လျှောက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်ရရှိခဲ့ပြီး Uganda International Series ကြက်တောင်ပြိုင်ပွဲနှင့် Kenya Future Series ကြက်တောင်ပြိုင်ပွဲမှ ချန်ပီယံဆုများမှာမူ ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် ချန်ပီယံ ဆုများလည်းဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာသည် ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ကျင်းပသည့် HSBC BWF World Tour Super 500 ဖြစ်သည့် မလေးရှားမာစတာပြိုင်ပွဲ တွင် ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲအပြီးတွင် မလေးရှား နိုင်ငံ၌ ဆက်လက်နေထိုင်ကာ ကာလတိုလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊  သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီလ မကုန်မီအထိ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်ထုတ် ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)