Connect with us

Sport

မြန်မာနှင့်ထိုင်း လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ဇန်နဝါရီ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွှေးစင် အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) 

၂၀၂၀ အိုလံပစ် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်း ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမှုအရ မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်းသည် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲနှစ်ပွဲကစားမည် ဖြစ်သည်။မြန်မာအမျိုးသမီး အသင်းသည် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက် အထိ ကျင်းပမည့် အိုလံပစ်တတိယအဆင့် ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနှင့် ထိုင်းအသင်းသည် ဒီဇင်ဘာ  ပထမပတ်က ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်း ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွင် တွေ့ဆုံထားပြီး ထိုင်းအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲအတွက် ၂၀၁၉ခုနှစ်  ဒီဇင်ဘာ ၂၁ ရက်တွင် စခန်းဝင်လေ့ကျင့်ခဲ့ပြီး စီနီယာကစားသမားများ အပါအဝင်အမာခံကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာအသင်းတို့ပါဝင်ပြီး  အုပ်စု (ခ) တွင် ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 မြန်မာ အသင်းပါဝင်သည့် အုပ်စု (က) ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင်ဗီယက်နမ်အသင်းတို့နှင့် ကစားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.