Connect with us

Sport

မြန်မာလက်ရွေးစင် ဘောလုံး ယူ၂၁ အသင်းနှင့် ယူ ၂၃ အသင်းတို့ မွန်ဂိုလီယား လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကစားမည်

မြန်မာလက်ရွေးစင် ဘောလုံး ယူ၂၁ အသင်းနှင့် ယူ ၂၃ အသင်းတို့ မွန်ဂိုလီယား လက်ရွေးစင်ယှဉ်ပြိုင်မည့်အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာလက်ရွေးစင် ဘောလုံး ယူ၂၁ အသင်းနှင့် ယူ ၂၃ အသင်းတို့သည် လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် မွန်ဂိုလီယား လက်ရွေးစင် အသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၇ ဒီဇင်ဘာနှင့် ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ၂၁ အသင်းသည် မွန်ဂိုလီယား လက်ရွေးစင် အသင်းနှင့် နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ(၆း၀၀)နာရီ သုဝဏ္ဏအားကစား တွင်လည်းကောင်း ၊ မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ (၆း၀၀)နာရီ သုဝဏ္ဏအားကစား တွင်လည်းကောင်း ခြေစမ်းပွဲများ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ အဆိုပါ ပွဲစဉ်များနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များအား ဆက်လက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနှင့် ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.