Sport
မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့ယနေ့ ယှဉ်ပြိုင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အမျိုးသမီး ဘောလုံး အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု င ၏ နောက်ဆုံးဘောလုံးပွဲစဉ် အဖြစ် မြန်မာအမျိုးသမီး အသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ နိုဝင်ဘာလ ၁၃ရက် ညနေ ၆နာရီ ရန်ကုန်မြို့ ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
အဆိုပါ ပွဲစဉ်ကို ကွင်းဝင်ကြေးအခမဲ့ဖြင့်လာရောက် အားပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)