Connect with us

Sport

ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲ နိုင်ငံ ငါးနိုင်ငံ ပါဝင်ယှဉ်ပြိုင်


မန္တလေး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာဆီယံ ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲကို မန္တလေးမြို့တွင် ယနေ့ ကျင်းပ ခဲ့ရာ မန္တလေးတိုင်းးဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းတို့က ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်တော် အချို့အပါအဝင် ၎င်းတို့ကိုယ်တိုင် ကွင်းနှစ်ပတ် စက်ဘီးစီးနင်းလျက် ကွင်းဖွင့်ပေးခဲ့ကြောင်း သိရသည်။

မန္တလေး နန်းမြို့ရိုး မြောက်ဘက်ခြမ်းရှိ ၆၇ လမ်းနှင့် ၇၃ လမ်းကြား ၁၂ လမ်းပေါ်တွင် ကွင်းပတ်လမ်း အဖြစ် ပြင်ဆင်ထားပြီး ယှဉ်ပြိုင်ကြသည့် အဆိုပါ ပြိုင်ပွဲ၌ အမျိုးသား အငယ်တန်း ၁၉ နှစ်အောက် ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ စင်ကာပူ နှင့် မြန်မာနိုင်ငံ ကိုယ်စားပြု စက်ဘီး အားကစားသမားများက လည်းကောင်း၊ ၂၃နှစ်အောက် ကျွမ်း ကျင် အဆင့် ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံကိုယ်စားပြု စက်ဘီး အားကစားသမားများ ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ ကြရာ ၁၉ နှစ်အောက် ပြိုင်ပွဲတွင် ကမ္ဘောဒီး ယား နိုင်ငံကပထမ နှင့် တတိယ၊ မြန်မာက ဒုတိယဆု များ ကိုလည်းကောင်း၊ ၂၃ နှစ်အောက် ကျွမ်းကျင်အဆင့်တွင် တရုတ်နိုင်ငံကပထမ၊ ကမ္ဘောဒီးယားက ဒုတိယနှင့် အိန္ဒိယက တတိယ ဆုများ အသီးသီး ရရှိခဲ့ကြသည်။

ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ဒေသတွင်း ပထမဆုံး ဖိတ်ခေါ် ကွင်းပတ်စက်ဘီးပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆုရရှိကြသူတို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆုငွေများ ချီးမြှင့်ခဲ့ရာ ပထဆုအတွက် အမေရိကန် ဒေါ်လာ နှစ်ထောင်၊ ဒုတိယဆု – ဒေါ်လာ တစ်ထောင်၊ တတိယဆု – ဒေါ်လာ ငါးရာ အသီးသီး ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံရှိ စက်ဘီးအားကစား ဝါသနာရှင်များ၏ အသက် ၄၀ အောက် အလွတ်တန်းနှင့် ၄၀ အထက် မာစတာတန်း ပြိုင်ပွဲများလည်း ပါဝင်ခဲ့ပြီး ကြည့်ရှုအားပေးကြသော ဧည့်သည်များအား အဆိုတော်၊ အာဇာနည်၊ သားငယ်၊ ဇင်ကြီးနှင့် ချမ်းမြေ့မောင်ချိုတို့ က တေးဂီတများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.