Connect with us

Sport

မြန်မာအမျိုးသမီးဘောလုံးအသင်း ခြေစစ်ပွဲ ပထမအဆင့်အုပ်စု(ဂ) နောက်ဆုံးပွဲစဉ်တွင် အိန္ဒိယ ဘောလုံးအသင်းအား အနိုင်ရရှိ

အမျိုးသမီးအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စု နောက်ဆုံးပွဲစဉ်များ ကို နိုဝင်ဘာ ၁၃ ရက်(ယနေ့)က ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာအသင်းက အိန္ဒိယအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ဝင်းသိဂီ ၤထွန်း၊ ၈၂ မိနစ်တွင် ငယ်ငယ်ထွေးတို့က သွင်းယူပေးခဲ့ပြီး အိန္ဒိယအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ရာတန်ဘလာက သွင်းယူပေး ခဲ့သည်။

မြန်မာအသင်းသည် အုပ်စု သုံးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ခုနစ်မှတ် ဖြင့် အုပ်စုပထမရရှိခဲ့ပြီး အုပ်စုဒုတိယရရှိခဲ့သည့် အိန္ဒိယအသင်းသည်လည်း ခြေစစ်ပွဲ ဒုတိယ အဆင့် သို့ တက်ရောက်နိုင်ခဲ့ကြောင်း၊ အလားတူ အုပ်စု (ဂ) မှ နီပေါအသင်းသည် လည်း အကောင်းဆုံး အုပ်စုတတိယအသင်းအဖြစ် ဒုတိယအဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.