Connect with us

Sport

မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်း ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေဖြင့် မလေးရှား လက်ရွေးစင် အသင်းနှင့်ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းသည် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေဖြင့် မလေးရှား လက်ရွေးစင် အသင်းနှင့် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း၊ မလေးရှား ယူ၂၂ အသင်းသည် ဆီးဂိမ်းစ် အိမ်ရှင်လည်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂျာမန်နည်းပြ ဖရန့်ဘားနက်က နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းသည် ယခုနှစ် အတွင်း ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို အဓိက ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး လာမည့် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာ ယူ၂၂ အသင်းကို နည်းပြချုပ် ဂတ်ဆီဇီမှ တာဝန်ယူသွားမည် ဖြစ်ကာ လက်ရွေးစင် အသင်းကြီးမှ အသက်မီသည့် လူငယ်ကစားသမား များကို ဖြည့်ဆည်း၍ အသင်းဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာ ယူ၂၂ အသင်း ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး အတွက် ခြေစမ်းပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများ စီစဉ်ထားရာ မလေးရှားဆီးဂိမ်းစ် မတိုင်မီ နိုင်ငံတကာပွဲ အနည်းဆုံး (၈)ပွဲ ကစားခွင့် ရရှိထားမည် ဖြစ်သည်။ အဆိုပါ ပွဲများမှာ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် KBZ BANK CUP 2017 ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့ ပွဲစဉ်များ၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များ ဖြစ်သည့် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့် ပွဲစဉ်များ၊ မလေးရှား ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီယား နှင့် ခြေစမ်းပွဲတို့ ဖြစ်သည်။ ထို့အပြင် အာရှအင်အားကြီး နိုင်ငံတစ်ခုသို့လည်း သွားရောက်ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.