Connect with us

Sport

ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းယူ-၂၂ ကြိုတင်ပြင်ဆင်မှုအနေဖြင့် KBZ BANK CUP 2017 ကျင်းပမည်

KBZ BANK CUP ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

၂၉ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA GAMES (ဆီးဂိမ်း) ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၏ ပြိုင်ပွဲကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ကမ္ဘောဒီးယား၊ ဟောင်ကောင်၊နှင့် ဂျပန် (တက္ကသိုလ်လက်ရွေးစင်)ယူ-၂၂ အသင်းတို့ကို ဖိတ်ခေါ်ကာ KBZ BANK CUP 2017 ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန်လ ၂၈ရက်နေ့မှ ဇူလိုင်လ ၂ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ ယူ-၂၂ဘောလုံးအသင်းသည် ဇွန်လ ၂၈ရက်နေ့တွင် ကမ္ဘောဒီးယားအသင်း နှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၊ ဇွန်လ ၃၀ရက်နေ့တွင် ဟောင်ကောင် အသင်း နှင့်လည်းကောင်း၊ ဇူလိုင်လ ၂ရက်နေ့တွင် ဂျပန်(တက္ကသိုလ်လက်ရွေးစင်) အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများအဖြစ် တောင်ဘက် နှင့် မြောက်ဘက် ပွဲကြည့်စင် ရိုးရိုးတန်းလက်မှတ်များကို ၁၀၀၀ကျပ်၊ အရှေ့ဘက်ရိုးရိုးတန်း ပွဲကြည့်စင် လက်မှတ်များကို ၂၀၀၀ ကျပ်နှင့် အထူးတန်းပွဲကြည့်စင် လက်မှတ်များကို ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.