Connect with us

Sport

မြန်မာ ယူ-၁၉အသင်း ဒုတိယပွဲအဖြစ် သြစတြေးလျနှင့်ယှဉ်ပြိုင်မည်

မြန်မာယူ-၁၉အသင်း၏ယှဉ်ပြိုင်ကစားဟန်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂ဝ၁၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအုပ်စု(ခ) ပထမနေ့ပွဲစဉ်များ ကို စက်တင်ဘာ၁၂ရက် က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရာ မြန်မာအသင်း က အင်ဒိုနီးရှား အသင်းအားနိုင်ပွဲရယူနိုင်ခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းသည် ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၄ ရက်တွင် သြစတြေးလျ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းကိုင်တွယ်နေ သည့် မြန်မာ ယူ-၁၉ အသင်း သည် အင်ဒိုနီးရှားကို အနိုင်ယူပြီးနောက် ၊အုပ်စုကျပ်အတွင်း ကျရောက်နေသည့် မြန်မာယူ-၁၉ အသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီး လာမည့်ပွဲများ တွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် အုပ်စု(က)ပထမနေ့တွင် တီမောက ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အိမ်ရှင်ဗီယက်နမ်နှင့်စင်ကာပူအ သင်းတို့ ဂိုးမရှိသရေကျခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.