Connect with us

Sport

FIFA U-20 Women’s World Cup ကွင်းလယ်ဒိုင်အဖြစ် အာရှတွင် ပထမဆုံးအဖြစ် သိန်းသိန်းအေးရွေးချယ်ခံရ

သိန်းသိန်းအေးဒိုင်အဖြစ်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

FIFA U-20 Women’s World Cup အတွက် ကွင်းလယ်ဒိုင်လူကြီး အဖြစ် ရွေးချယ်ခံရသည့် မြန်မာဒိုင်လူကြီး သိန်းသိန်းအေး သည် အာရှတွင် ပထမဆုံး အရွေးချယ်ခံရသည့် ပထမဦးဆုံး ကွင်းလယ်ဒိုင်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူဦးစိုးမိုးက ဆင်ဟွာကိုပြောသည်။

သိန်းသိန်းအေးသည် ၂၀၀၆ ခုနှစ်တွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် မလေးရှားနိုင်ငံတွင် ကျင်းပသော U-14 Football Festival အတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲပေါင်း ၁၈ခုအထိ တာဝန်ယူကိုင်တွယ်ခဲ့သည်။ မကြာသေးမီက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပခဲ့သော AFF Women’s Championship 2016 ပြိုင်ပွဲတွင်လည်း တာဝန်ယူခဲ့ပြီး အရေးကြီးသော ဆုံးဖြတ်ချက်များကို မှန်ကန်ရဲရင့်စွာ ချမှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဦးစိုးမိုးက “ ဒီလို ကမ္ဘာ့အဆင့်ကွင်းလယ်ဒိုင်ဖြစ်ဖို့ AFC ဒိုင်အနေနဲ့ သူတာဝန်ယူခဲ့စဉ်မှာ အဆင့်ဆင့် အမှတ်ပေးတာတွေရှိတယ်။ ကမ္ဘာ့အဆင့်ကွင်းလယ်ဒိုင်ဖြစ်ဖို့ သူတို့အနေနဲ့ အဆင့်ဆင့်ရွေးချယ်ခဲ့တာဖြစ်တယ်။ အာရှမှာ ပထမဆုံး ရွေးချယ်ခံရတာဖြစ်လို့လည်း အရမ်းဂုဏ်ယူမိတယ်။’’ ဟုပြောသည်။
FIFA U-20 Women’s World Cup အတွက် ရွေးချယ်ခံရသည့် မြန်မာဒိုင်လူကြီး သိန်းသိန်းအေးသည် ၂၀၀၅ ခုနှစ်တွင် ဒိုင်လူကြီးအဖြစ် ပြည်တွင်းအမျိုးသမီးဘောလုံးပြိင်ပွဲများတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် FIFA အသိအမှတ်ပြု ဒိုင်လူကြီး ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများဖြစ်သော အမျိုးသမီး ယူ၁၆ ဘောလုံးပြိုင်ပွဲများ၊ အမျိုးသမီး ယူ ၁၉ ဘောလုံးပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်း အမျိုးသမီးဘောလုံးပြိုင်ပွဲများ ၊ဝန်ကြီးဌာနပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ကိုင်တွယ်ခဲ့သည်။ အမျိုးသားပြိုင်ပွဲများအနေဖြင့် လူငယ်ပြိုင်ပွဲများ၊ ခြေစမ်းပွဲများကို ကိုင်တွယ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.