Connect with us

Sport

လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် (မန္တလေး) ၌ အားကစား လှုပ်ရှားမှုများ ထည့်သွင်း ကျင်းပမည်

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပရေး ညှိနှိုင်း အစည်းအဝေး တစ်ခုအား တွေ့ ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်မှ ကြီးမှူး၍ မန္တလေးမြို့၌ သြဂုတ် ၁၁ ရက် မှ ၁၃ ရက်ထိ မန္တလေး တက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပသွားမည် ဖြစ်ရာ အပန်းဖြေ အားကစား ပြိုင်ပွဲများ၊ ယှဉ်ပြိုင် အားကစား ပြိုင်ပွဲများ ၊ အားကစားသရုပ်ပြပွဲများ၊ စုပေါင်းလမ်း လျှောက်ခြင်း စသည့် အားကစားလှုပ်ရှားမှုများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အပန်းဖြေ အားကစားပြိုင်ပွဲများကို မန္တလေး တက္ကသိုလ် စစ်ရေးပြကွင်း၌ တစ်ဦးချင်း ပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက် (ကျား/မ) ၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ (ကျား/မ)၊ ဘတ်စကက်ဘော ဂိုးသွင်း ပြိုင်ပွဲ (ကျား/မ)၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ (ကျား/မ)၊ ဂုန်နီအိတ် စွပ်အပြေးပြိုင်ပွဲ (ကျား/မ) ပြိုင်ပွဲများ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အသင်းလိုက်ပြိုင်ပွဲများအဖြစ် လွန်ဆွဲ (ကျား/မ)နှင့် ထုပ်ဆီးတိုး(မ) ပြိုင်ပွဲများ၊ ပြိုင်ပွဲအထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲအဖြစ် မန္တလေးတက္ကသိုလ် Open Shed အားကစားရုံ၌ ဘော်လီဘော ပြိုင်ပွဲ၊ မန္တလေးတက္ကသိုလ် အားကစားရုံ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သရုပ်ပြမည့် အားကစားနည်းများကို မန္တလေး တက္ကသိုလ်အားကစားရုံ၌ ဝူရှူး၊ ကျွမ်း ဘား၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ခြင်းလုံး၊ Myanmar Fitness Dance စသည့် အားကစားနည်းများ သရုပ်ပြခြင်းများကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ပွဲကို သြဂုတ် ၁၂ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေး တက္ကသိုလ် ပင်မဆောင်ရှေ့မှ စတင်တာ လွှတ်ပြီး မန္တလေးတက္ကသိုလ်အတွင်း လမ်းအတိုင်းပတ်၍ နှစ်မိုင်ခန့်အကွာ အဝေးအတိုင်းစုပေါင်း လမ်းလျှောက်ကြ မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အားကစားဆိုင်ရာ ဓာတ်ပုံပြပွဲများကို အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ၊ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မှု မှတ်တမ်းဓာတ်ပုံများ၊ လူထု အားကစား လှုပ်ရှားမှု မှတ်တမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲ မှတ်တမ်းများ၊ နိုင်ငံတကာပြိုင်ပွဲ များ လက်ခံကျင်းပခဲ့သည့် မှတ်တမ်းများ၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်/အောင်မြင်ခဲ့သည့် မှတ်တမ်း များ၊ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပ ခဲ့သည့် မှတ်တမ်းများ၊ ပြည်တွင်းရှိ အားကစားကွင်း/ ရုံများ၏ မှတ်တမ်း များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းသား ကျောင်းသူ များ နေထိုင်၊ စားသောက်၊ သင်ကြား နေမှုနှင့် အောင်မြင်မှု မှတ်တမ်းများ ထည့်သွင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် အသင်းလိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် သြဂုတ် ၉ ရက် နောက်ဆုံးထား စာရင်း ပေးသွင်းရန်နှင့် တစ်ဦးချင်း ပြိုင်ပွဲများကို နေ့စဉ် နံနက် ၉ နာရီ၊ ၁၁ နာရီနှင့် မွန်းတည့် ၁၂ နာရီများတွင် ကျင်းပမည် ဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့်ပြိုင်ပွဲ မစတင်မီ ၁၅ မိနစ်အလို ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း။ မည်သူမဆို ပါဝင်ယှဉ်ပြိုင် ဆင်နွှဲ နိုင်ကြောင်းနှင့် လာရောက် ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.