Connect with us

Sport

မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် စိုးလင်းဦးနှင့်စိန်ခေါ်သူ လက်ဝှေ့ကျော် အိကျူစံတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ယှဉ်ပြိုင်ထိုးသတ်မည့်သူနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်း အလိုက် နောက်ဆုံးဖိုင်နယ် ရွှေခါးပတ် လုပွဲကြီးတွင် ထိုင်းနိုင်ငံ မွေထိုင်းနှင့် ထိုင်းဖိုက်မှ နာမည်ကြီး လက်ဝှေ့ကျော် အိကျူစံနှင့် မြန်မာနိုင်ငံမှ ပထမတန်း လက်ဝှေ့ကျော် စိုးလင်းဦးတို့ အထူး စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

စိုးလင်းဦးကို စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်သော ထိုင်းနိုင်ငံမှ မွေထိုင်းနှင့် ထိုင်းဖိုက်လက်ဝှေ့ကျော် အိကျူစံသည် မြန်မာနိုင်ငံမှ ထက်အောင်ဦးနှင့် သပြေညိုတို့ကို ထိုင်းဖိုက်တွင် အမှတ်ဖြင့် အနိုင်ရထားပြီး ရဲတံခွန်ကို အလဲထိုးအနိုင် ရထားသော လက်ဝှေ့ကျော်တစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံမှ စောဂေါ်မူဒို၊ ဖျံသွေးတို့နှင့် ယှဉ်ပြိုင် ထိုးသတ်ရာတွင် သရေကျခဲ့ပြီး မြန်မာ့ ရိုးရာလက်ဝှေ့တွင် ထိုင်းဖိုက်တာများ ယှဉ်ပြိုင်ထိုးသတ်မှု ခက်ခဲခဲ့သော စိုးလင်းဦးကို စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်ရန် စိတ်ကူးထားသည်မှာ ပြီးခဲ့သော သုံး၊ လေးနှစ်အတွင်းကတည်းက ဖြစ်ပြီး ယခုစိုးလင်းဦးနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် တရုတ်နိုင်ငံမှပွဲကိုပင်ဖျက်ကာ ယခုကဲ့သို့ လာရောက်ထိုးသတ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိန်ခေါ်ပွဲကြီးကို လာမည့် သြဂုတ် ၅ ရက် မွန်းလွဲ ၂နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီးLethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်းအလိုက် နောက်ဆုံး ဖိုင်နယ် ရွှေခါးပတ်လုပွဲများအဖြစ် ၆၁ ကီလိုတန်း တွင် ရဲသွေးနီ (တောင်ကလေး) နှင့် စောဖိုးထွန်း(သတ္တိ)၊ ၆၆ ကီလိုတန်းတွင် ရဲတံခွန် (အဖြူရောင်သွေးသစ်) နှင့် စိုးထက်ဦး (Phoenix)၊ ၇၁ ကီလိုတန်း တွင် ကြယ်စင်ဖြိုး (ရိုးရာပုဂံ) နှင့် ဆန်းသူ ဦး (တိုက်ဂါး) တို့ ယှဉ်ပြိုင်ထိုးသတ် ခါးပတ်လုကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲ တွင် အမျိုးသမီးအထူးစိန်ခေါ်ပွဲအဖြစ် နော်ဥမ္မာစိုး (Phoenix)နှင့် မူအဲသိုလ် (တောင်ကလေး) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ၏ ပွဲကျန်ဆီမီး ဖိုင်နယ်ပွဲစဉ်များကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။

၂ဝ၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲ၏ ပွဲကျန်ဆီမီးဖိုင်နယ်ပွဲများမှာ ၅၁ ကီလိုတန်းတွင် သက်ပိုင်အောင် (ရွှေ ဘားလား) နှင့် သိန်းစိုး(အဖြူရောင်သွေး သစ်)၊ အောင်အောင်(ရန်စစ်ငြိမ်း)နှင့် ကျော်အဲပညာ (တောင်ကလေး)၊ ၅၄ ကီလိုတန်းတွင် လင်းထက်အောင် (တောင်ကလေး)နှင့် ဂျစ်တူး(တိုက်ဂါး)၊ ၆ဝ ကီလိုတန်းတွင် ယူးခလိန်းမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ) နှင့် ထူးနေသူ (တောင်ကလေး)၊ ၆၇ ကီလို တန်းတွင် စောမင်းအောင် (တောင် ကလေး) နှင့် ကျားပေါက်(ရန်စစ်ငြိမ်း) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကာ အနိုင်ရရှိသူများက နောက်ဆုံး ရွှေခါးပတ် လုပွဲဖိုင်နယ်သို့ တက်လှမ်းသွားမည်ဖြစ် သည်။ ယင်းနေ့တွင် စိုးလင်းဦးနှင့် အိကျူစံတို့၏ အဓိက စိန်ခေါ်ပွဲကြီးအပါ အဝင် စုစုပေါင်း တွဲဆိုင်း ၁ဝ ဆိုင်းပါဝင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ ရုံဝင် ကြေးအနေဖြင့် ငွေကျပ်ရှစ်ထောင်၊ နှစ် သောင်း၊ သုံးသောင်း အသီးသီးသတ်မှတ် ထားပြီး ကြိုတင်လက်မှတ်များကို ဖုန်း- ဝ၉- ၂၅၄၂၁၄၁၆ဝ သို့ မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Lethwei Nation 50th Media Championship 2018 ပြိုင်ပွဲများကို ပြီးခဲ့သော ဧပြီ ၂၉ ရက်တွင် ပထမနေ့ကွာတာဖိုင်းနယ်နှင့် မေ ၁၃ ရက်တွင် ဒုတိယနေ့ကွာတားဖိုင်နယ်များ ကို ကျင်းပခဲ့ပြီး ယခုပြိုင်ပွဲနောက်ဆုံး ဖိုင်နယ် ခါးပတ်လုပွဲများကို သြဂုတ် ၅ ရက်တွင် ကျင်းပမည်ဖြစ်ကာ ၇၁ ကီလို တန်းတွင် ပထမရွှေခါးပတ်ရသူကို ငွေကျပ်သိန်း ၄ဝ၊ ဒုတိယရသူကို ငွေကျပ် သိန်း ၂ဝ၊ ၆၆ ကီလိုတန်းတွင် ရွှေခါးပတ် ရသူကို ငွေကျပ်သိန်း ၃ဝ နှင့် ဒုတိယရသူ ကို ငွေကျပ် ၁၅ သိန်း၊ ၆၁ ကီလိုတန်းတွင် ပထမရွှေခါးပတ်ရသူကို ငွေကျပ်သိန်း ၂ဝ နှင့် ဒုတိယရသူကို ငွေကျပ် ၁ဝ သိန်း ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ န ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.