Connect with us

Sport

အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ကောင်စီအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အဖွဲ့ တက်ရောက်လျက်ရှိ

အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (Asia Football Federation) ကောင်စီအစည်းအဝေးသို့ Asia Football Federation (AFF) ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီမှစတင်ကာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပလျက်ရှိသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ၏ ၁၈ ကြိမ်မြောက် ကောင်စီအစည်းအဝေး သို့ (AFF) ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ ဒေးသတွင်း ဘောလုံးဖွံ့ဖြိုးရေးအတွက် အတူတကွ ဆွေးနွေးခဲ့ကြပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းစဉ်များ ယခုထက်ပိုမို တိုးတက်ရန် စီမံခန့်ခွဲနိုင်ရေး ပရိသတ် အားပေးမှု စည်းကမ်းတကျရှိရေး ပြိုင်ပွဲတစ်ပွဲကျင်းပရန် အဓိကကျသည့် ကော်မတီအရပ်ရပ်များ စနစ်တကျ ဖွဲ့စည်းရေး စည်းကမ်းထိန်းသိန်းရေး ကော်မတီနှင့် အယူခံ ကော်မတီများ အဆင့်မြင့်မားစွာ ဖွဲ့စည်းလှုပ်ရှားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.