Sport
အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဒုတိယမြောက်ရွှေတံဆိပ်ဆုထပ်မံရရှိ

ရန်ကုန် ၊ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအမျိုးသား နှစ်ယောက်တွဲ ဘိလိယက် (Men’s 9ball pool double) တွင်ရွှေတံဆိပ်ဆုကို ဒီဇင်ဘာလ ၅ ရက်တွင်ရရှိခဲ့သည်။
ဗိုလ်လုပွဲတွင်မြန်မာနိုင်ငံမှဖုန်းမြင့်ကျော် နဲ့ အောင်မိုးသူတို့အတွဲက စင်ကာပူကစားသမားများကို ၉-၄ ဖြင့်အနိုင်ရရှိပြီးရွှေတံဆိပ်ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီဇင်ဘာလ၅ရက်နေ့ထိ ဆုရှိမူအခြေအနေမှာ ရွှေ ၂၊ ငွေ၈၊ ကြေး ၂၃ ရရှိထားပြီးဖြစ်သည်။ (Xinhua)