Connect with us

Sport

မြန်မာ ယူ-၂၂ ဘောလုံးအသင်း အကြိုဗိုလ်လုပွဲ၌ အင်ဒိုနီးရှား ယူ-၂၂ ဘောလုံးအသင်းနှင့် တွေ့ဆုံမည်

မြန်မာ ယူ-၂၂ ဘောလုံးအသင်း၏ ယှဉ်ပြိုင်ကစားမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - MFF)

ရန်ကုန် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၊ အမျိုးသား ဘောလုံး ယူ ၂၂ ပြိုင်ပွဲတွင် အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းမှာ အင်ဒိုနီးရှား ယူ-၂၂ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဘောလုံး ယူ ၂၂ ပြိုင်ပွဲ တွင် အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်များကို ယနေ့ ကျင်းပခဲ့ရာ အုပ်စု (ခ)တွင်ဗီယက်နမ် ယူ-၂၂ က ပထမ၊ အင်ဒိုနီးရှားယူ-၂၂အသင်း က ဒုတိယဖြင့်အကြိုဗိုလ်လုပွဲ တက်ရောက်သွားခဲ့ကြောင်း သိရသည်။

အမျိုးသား ဘောလုံး ယူ ၂၂ ပြိုင်ပွဲတွင် အုပ်စု(က)တွင် အုပ်စု ပထမ ရရှိထားသည့် မြန်မာ ယူ-၂၂ ဘောလုံးအသင်းမှာ တစ်ဘက် အုပ်စု(ခ)မှ ဒုတိယ ရရှိသည့် အင်ဒိုနီးရှား ယူ-၂၂ ဘောလုံးအသင်းနှင့် ဒီဇင်ဘာ ၇ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ ဘောလုံးအသင်း နှင့် အင်ဒိုနီးရှား ယူ-၂၂ ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲ အချိန်တွင် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.