Connect with us

Sport

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

 ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၅)ရက် ည ၆နာရီ ၃၀မိနစ် က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းက (၁-ဝ) ဂိုးဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့သည်။ “ထိုင်းနဲ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ခံစစ်နဲ့ တိုက်စစ်မျှတအောင် ကစားနိုင်ခဲ့တယ်။ အဝေးကန်ချက်ကနေ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တိုက်စစ်မှာလည်းအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာ့ ဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး” ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးဝင်းသူမိုး က ပြောကြားခဲ့သည်။ မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နှင့် ဒီဇင်ဘာ ၈ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)