Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အတွက် ပြင်ဆင်သော အနေဖြင့် မြန်မာ အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့် - Xinhua News Agency
Connect with us

Sport

အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အတွက် ပြင်ဆင်သော အနေဖြင့် မြန်မာ အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်

မြန်မာ အားကစားအဖွဲ့ တရုတ်နိုင်ငံသို့ လေ့ကျင့်ရေး အစီအစဉ် အဖြစ်ရောက်ရှိ (ဆင်ဟွာ)

ကူမင်း ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အားကစား သမား၊ နည်းပြနှင့် အခြား လုပ်သားများ အပါအဝင် အယောက် ၄၀၀ ကျော်သည် ယခုနှစ် ဇွန်လဆန်း ပိုင်းတွင် ကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ပြင်ဆင်ရေး အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိ နေပြီး ၎င်းတို့သည် ပေကျင်း၊ အမ်းဟွေး၊ ချန်ဆားနှင့် ကူမင်းတို့တွင် လေ့ကျင့်ရေး ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အားကစား အဖွဲ့ (၁၁) ဖွဲ့မှ အားကစားသမား နှင့် နည်းပြ ၁၉၈ ဦးသည် တရုတ်နိုင်ငံ ယူနန် ပြည်နယ်တွင် လေ့ကျင့်ရေး ပြုလုပ်နေပြီး ပြေးခုန်ပစ်၊ စက်ဘီး၊ ဓားသိုင်း၊ အမျိုးသား ဘတ်စကက်ဘော ၊ အမျိုးသမီး ဘောလုံး နှင့် စနူကာ အားကစားတို့ ပါဝင်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ် ခဲ့သည်။ နှစ်ဘက် နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံ အနေဖြင့် ဒုတိယ ဆုတံဆိပ် အများဆုံး ရရှိခဲ့သည်။ မြန်မာနိုင်ငံအား (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင် နိုင်ရေးကို ကူညီခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.