Connect with us

Sport

တရုတ်နိုင်ငံသို့ မြန်မာ အားကစား အဖွဲ့ဝင်များ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် သွားရောက်မည်

တရုတ် နိုင်ငံသား ဝူရှူး အားကစား နည်းပြမှ မြန်မာ ကစားသမားအား နည်းပြ သင်ကြားပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ အားကစားအဖွဲ့ဝင်များ ပူးတွဲ လေ့ကျင့်မှုပြုလုပ်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိုလံပစ် ကော်မတီထံမှ သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရတို့၏ သဘောတူညီ ချက်ဖြင့် နိုင်ငံခြားရေးရာ မူဝါဒကော်မတီ၏ ကြိုတင် သဘောတူညီချက် များအရ မြန်မာ အားကစားအဖွဲ့ (၁၈) ဖွဲ့ကို စေလွှတ်မည် ဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ အားကစား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် မြန်မာ နိုင်ငံမှ အဖွဲ့ဝင် (၂၉၅) ဦးပါဝင်သည့် မြားပစ်၊ ပြေးခုန်ပစ်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ လှေလှော် (အနောက်တိုင်း)၊ ကျွမ်းဘား၊ ဝူရှူး၊ ဘောလုံး (ကျား/မ)၊ ဘော်လီဘော၊ သေနတ်ပစ်၊ ရေကူး/ဒိုင်ဗင်၊ ကြက်တောင်၊ စက်ဘီး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘတ်စကက်ဘော၊ အလေးမ စသည့် အားကစားအဖွဲ့ (၁၈)ဖွဲ့ကို စေလွှတ်နိုင်ရန် အားကစား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ- တရုတ် နှစ်နိုင်ငံ အားကစား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်ကြမည့် မြန်မာအားကစားအဖွဲ့ (၁၈)ဖွဲ့ တို့သည် ဧပြီလ (၈) ရက်နေ့ မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာကြ မည်ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117