Sport
ဥဇဘက် ကစ္စတန် နိုင်ငံတွင် ကျင်းပသည့် အာရှ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှင့် ငွေတံဆိပ်ဆု ရရှိ
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ဥဇဘက် ကစ္စတန်နိုင်ငံ တာ့ရှ်ကင်းမြို့၌ ကျင်းပသည့် (၄၉) ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား နန့်လောင်ခမ်းက ရွှေတံဆိပ်ဆု ဆွတ်ခူးပြီး ကစားသမား ထွန်းမင်းက ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
ရွှေတံဆိပ်ဆုရှင် ကချင်တိုင်းရင်းသူ နန့်လောင်ခမ်းက “ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ပြီး ရွှေဆွတ် ခူးနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်၊ ပြိုင်ပွဲမှာ နိုင်ငံ ပေါင်းစုံက ကစားသမားတွေနဲ့ တွေ့ခွင့် ရပြီး အတွေ့အကြုံ သစ်တွေလည်း ရခဲ့ပါပြီ။
ညီမအနေနဲ့ စင်တီမီတာ ၁၆ဝ တန်းအောက်မှာ အဓိကထား ယှဉ်ပြိုင် ခဲ့ရတာကတော့ ဥဇဘက် ကစ္စတန် အိမ်ရှင်နိုင်ငံပါ။ ညီမ အကောင်းဆုံး ကြိုးစားပြီး ရွှေရယူနိုင်ခဲ့ တယ်။ ဒုတိယ ကတော့ ဥဇဘက် ကစ္စတန်၊ တတိယက တရုတ်နိုင်ငံပါ”ဟု ပြောသည်။
အမျိုးသား ၆ဝ ကီလို ဝိတ်တန်းတွင် ငွေတံဆိပ်ဆုရ ကာယဗလ မောင် ထွန်းမင်းက “ဗီယက်နမ်က ကောင်လေးက မထင်မှတ်ပဲ အရမ်း ကောင်းနေတာ တွေ့ရတယ်။ ရာသီဥတုက အေးအေးနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒုတိယဆု ငွေတံဆိပ် ယူခဲ့ပါတယ်၊ ဒီပြိုင်ပွဲက အခက်အခဲ ရှိတယ်လို့တော့ ပြောရမလားဘဲ၊ ပထမက ဗီယက်နမ်၊ တတိယက မလေးရှား ခဲ့ဖြစ်ပါတယ်” ဟု ပြောသည်။
အမျိုးသမီး ကာယ ကြံ့ခိုင်မှု စင်တီမီတာ ၁၆ဝ ထက် ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ချယ်ရီမောင်က အဆင့် ၅ အထိ တက်လှမ်းနိုင် ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယဗလတွင် အမျိုးသားကစား သမားသုံးဦး၊ ကာယကြံ့ခိုင်မှုတွင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ငါးဦးသွား ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)