Connect with us

Sport

၁၀ ကြိမ်မြောက် အာရှ BMX စက်ဘီးပြိုင်ပွဲ အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ နှင့် ဒေသပေါင်း ၁၁ ခုမှ ပါဝင် ယှဉ်ပြိုင်မည်

၁၀ ကြိမ်မြောက် အာရှ BMX စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး (ဓာတ်ပုံ- အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အားကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၁၀ ကြိမ်မြောက် အာရှ BMX စက်ဘီး ပြိုင်ပွဲကို အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ နှင့် ဒေသပေါင်း ၁၁ ခုမှ ပါဝင်၍ အောက်တိုဘာလ ၃၁ ရက်တွင် နေပြည်တော်ရှိ Mount Pleasant BMX စက်ဘီးကွင်း ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

၁၀ ကြိမ်မြောက် အာရှ BMX စက်ဘီးပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင် တရုတ် ၊ ဟောင်ကောင် ၊ အင်ဒိုနီးရှား ၊ ကိုရီးယား ၊ ဂျပန် ၊ မလေးရှား ၊ အရှေ့တီမော ၊ စင်ကာပူ ၊ ထိုင်း ၊ ဖိလစ်ပိုင် တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အသက် ၁၉ နှစ်အထက် ကျား/မ နှင့် အသက် ၁၉ နှစ်အောက် ကျား/မ ပြိုင်ပွဲ အမျိုးအစား ၂ မျိုးကို လက်ခံ ကျင်းပသွားမည်ဟု သိရသည်။

ယခု ပြုလုပ်သည့် ပြိုင်ပွဲသည် အိုလံပစ် ပြိုင်ပွဲ ဝင်ရောက်ရန် အမှတ်ပေးသော ပွဲဖြစ်သည့် အတွက် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်သည် အားကစားသမားများကို နိုင်ငံတကာ အဆင့်မီပြီး အောင်မြင်မှု ရရှိအောင် ကြိုးစားကြရန် တိုက်တွန်း ပေးစေလိုကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဌ၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က ယနေ့နေပြည်တော်၌ ပြုလုပ်သော အာရှ BMX စက်ဘီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.