Connect with us

Sport

မြန်မာ့ လက်ရွေးစင် အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန် အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည်

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း (ဓာတ်ပုံ-MFF)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာ့ လက်ရွေးစင် အသင်းသည် ကမ္ဘာ့ ဖလားခြေစစ်ပွဲ အဖြစ် အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန် အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လာအို အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ယနေ့ သတင်း ထုတ်ပြန်သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် အိမ်ကွင်း ပိတ်ခံ ထားရသောကြောင့် အိမ်ကွင်း ပွဲစဉ်များကို ထိုင်းနိုင်ငံတွင် ကစားပြီး၊ ကြိုတင် လေ့ကျင့်နေရကြောင်း သိရသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ယခု ခြေစစ်ပွဲများ အတွက် ကစားသမား ၂၄ ဦး ရွေးချယ် ခဲ့သော်လည်း စည်သူအောင် (ရတနာပုံ) မှာ ရောက်ရှိလာခြင်း မရှိ၍ အသင်းနှင့်အတူ လိုက်ပါသွားခြင်း မရှိဘဲ မူလ ရွေးချယ် ထားသည့် ဖြိုးကိုကိုသိန်း နေရာတွင်လည်း အောင်ဇော် (ဟံသာဝတီ) ကို အစားထိုး ရွေးချယ်ခဲ့သည်။
မြန်မာ့ လက်ရွေးစင် အသင်းတွင် အုပ်ချုပ်သူ အဖြစ် ဦးသန်းတိုးအောင်၊ နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်၊ လက်ထောက် နည်းပြအဖြစ် ဦးကြည်လွင်နှင့် စိုးမြတ်မင်း၊ ဂိုးနည်းပြ အဖြစ် ဦးအောင်သက်၊ ကြံ့ခိုင်ရေး နည်းပြအဖြစ် မစ္စတာလူကာ၊ အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ကစားသမားများ အဖြစ် ဂိုးသမား-ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ကမ္ဘောဇ)၊ ရန်အောင်လင်း (ဟံသာဝတီ)၊ နောက်တန်း ခင်မောင်လွင်၊ ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း (ရန်ကုန်)၊ ဇော်လင်း (ကမ္ဘောဇ)၊ အောင်ဇော်(ဟံသာဝတီ)၊ ဇော်ရဲထွန်း (ရတနာပုံ)၊ နန္ဒာကျော်၊ ကျော်ဇင်လွင် (မကွေး)၊ အလယ်တန်း ဆောင်လမန် (ချင်း)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ ကျော်မင်းဦး၊ သီဟဇော် (ဧရာဝတီ)၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ (ရတနာပုံ)၊ ရှေ့တန်း ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်)၊ အောင်သူ(ရတနာပုံ)နှင့် မောင်မောင်လွင် (ဟံသာဝတီ) တို့ ပါဝင် ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117