Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အဆင့် ပြိုင်ပွဲ  ၉ ခုကျင်းပ သွားမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန် - Xinhua News Agency
Connect with us

Sport

၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အဆင့် ပြိုင်ပွဲ  ၉ ခုကျင်းပ သွားမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ အဆင့် ပြိုင်ပွဲ  ၉ ခုကျင်းပ သွားမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ဖေဖော်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်တွင် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအပါအဝင် အမျိုးသမီးလက်ရွေးစင်အသင်းပြိုင်ပွဲ၊ လူငယ် ပြိုင်ပွဲ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲများကို အစောဆုံး ဧပြီလ သို့မဟုတ် မေလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲများအနက် အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲတို့ကို အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ပြီး အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲနှင့် အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကိုမူ အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းမရှိဘဲ ပြိုင်ပွဲဝင်နိုင်ငံ များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သဲသောင်ပြင်ဘောလုံး ပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဆီယံ သဲသောင်ပြင်ဘောလုံး ပြိုင်ပွဲတွင်လည်း ပြန်လည်ယှဉ်ပြိုင် နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။   (Xinhua)