Connect with us

Sport

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ Uganda International Series 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိ 

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဆုလက်ခံရယူစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ Facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် International Series ပြိုင်ပွဲဖြစ်သော Uganda International Series 2020 ပြိုင်ပွဲ တွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့ကာ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပမည့် Kenya International Future Series 2020 ပြိုင် ပွဲ ကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဆင့် ၆၁ ရှိပြီး၊ World Tour အဆင့် (အမျိုးသမီးတစ်ဦးချင်း) တွင် ကမ္ဘာ့အဆင့် ၄၇  ရရှိထားသည်။ဖိုင်နယ်ပြိုင်ပွဲတွင် အိန္ဒိယ ကစားသမား AAKARSHI KASHYAP ကို Game 1 တွင် ၂၁-၁၄ မှတ်၊ Game 2 တွင် ၁၆-၂၁ မှတ်၊ Game 3 တွင် ၂၁-၁၈ မှတ် ဖြင့် သက်ထားသူဇာက ၂ ပွဲအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဖိုင်နယ် ပွဲစဉ် တွင် သက်ထားသူဇာ ၏ ရမှတ် အားတွေ့ရစဉ် (ဓာတ်ပုံ– Uganda International Series 2020  )

သက်ထားသူဇာ ၏ ကမ္ဘာ့ ကြက်တောင်အဆင့် ထုတ်ပြန်ထားမှု အားတွေ့ရစဉ် (ဓာတ်ပုံ– Uganda International Series 2020 )

ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၁ ရက်က ပထမအဆင့်နှင့် ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ကွာတားဖိုင်နယ်ပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် မော်လ်ဒိုက်ကစားသမား နာဘာဟာနှင့် တွေ့ဆုံခဲ့ပြီး ၂၁-၁၅ မှတ်၊ ၂၁-၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင်မူ အီရန်ကစားသမား ဆိုရာယာကို ၂၁-၁၉ မှတ်၊ ၂၃-၂၁ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပခဲ့ရာ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် မောရစ်သျှကစားသမား ကိတ်ဖိုကို အနိုင်ရရှိပြီး၊ ဖိုင်နယ်ပြိုင်ပွဲတွင် အိန္ဒိယ ကစားသမား AAKARSHI KASHYAP ကို အနိုင်ရရှိပြီး ချန်ပီယံဆု ကို ရရှိခဲ့ခြင်းဖြစ်သည်။  (Xinhua)