Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကိုမတ်လ တွင် ကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲနှစ်ပွဲကို မတ်လ ၂၆ ရက် နှင့် မတ်လ ၃၁ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောသည်။ 

မတ် ၂၆ ရက်တွင် ဂျပန် အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်းကစားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထား ပြီး သုံးပွဲထပ်မံကစားရမည်ဖြစ်ကာ မတ်လတွင် နှစ်ပွဲကစားပြီးပါက နောက်ဆုံးပွဲကို ဇွန်လမှ သာ ကစားရမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိနည်းပြ အန်တွမ်နီဟေးလက်ထက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲစလုံး အနိုင်ရထားသလို နီပေါလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲတွင်လည်း အနိုင်ရထားကြောင်းသိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117