Sport
၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား စာရင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင် အသင်း ပဏာမ ကစားသမား စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပဏာမ ကစားသမား ၂၉ ဦးဖြင့် ယနေ့မှ စတင်ကာ စခန်းသွင်း လေ့ကျင့်သွားမည် ဖြစ်ပြီးကာဂျစ္စတန်အသင်း နှင့်ယှဉ်ပြိုင်ကစားရန် ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ကာဂျစ္စတန် အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက်နေ့၊ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့Dolen Omurzakov ကွင်းတွင်ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)