Connect with us

Sport

မြန်မာနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းများ ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်း တို့သည် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းမှုအရ ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင်ကျင်းပမည် ဖြစ်ပြီး မန္တလေး သို့မဟုတ် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။ နှစ်သင်းစလုံး အာရှခြေစစ်ပွဲအောင်မြင်ထား သည့်အသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်ရန် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲ အတွက်ဇူလိုင် ၁ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး လက်ရှိတွင် ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ 

 မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားပြီးနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲကစားခြင်းမရှိတော့ဘဲ အောက်တိုဘာ မှသာ ပြန်လည်ကစားမည်ဖြစ်ကြောင်း၊ မြန်မာအသင်း သည် ယင်းခြေစမ်းပွဲတွင် စင်ကာပူကို ငါးဂိုးပြတ် အနိုင်ရခဲ့သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ကစားသမားအများစုဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(က) တွင်မူ အိမ်ရှင်ထိုင်း၊ မြောက်ကိုရီးယား၊ ဩစတြေးလျနှင့် ဗီယက်နမ် အသင်းတို့ ပါဝင်နေကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.