Sport
၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အားကစား ၃၂ နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်
ရန်ကုန် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)
၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အားကစား ၃၂ နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။
၂၈ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွေ့အကြုံအရ ၁၃ နည်းမှာ ဆုတံဆိပ် ရရှိနိုင်ခြင်း အနေအထား မရှိဘဲ ရွှေမျှော်မှန်း ၇ နည်းသာ ရှိပြီး ဆုတံဆိပ် မျှော်မှန်းမှုမှာ ၁၂ နည်းဟု ခန့်မှန်းမိကြောင်း ၊ ၂၈ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရရှိခဲ့သော ရွှေတံဆိပ် ၁၂ ဆုထက် မနိမ့်အောင် လုပ်ဆောင်လိုကြောင်း အားကစား နှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ယနေ့စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော ၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲသို့ပါဝင် ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၂၉ ကြိမ်မြောက် အရှေ ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေး အတွက် အစိုးရအချင်းချင်း အစီအစဉ် အရ ရေကူး ၊ အလေးမ ၊ သေနတ်ပစ် ၊ ဝူရှူး အားကစားနည်းများကို တရုတ်နိုင်ငံသို့လည်းကောင်း ၊ ကရာတေး ၊ ဂျူဒို အားကစားနည်းများကို ဂျပန် နိုင်ငံသို့လည်းကောင်း ၊ မြှားပစ် ၊ တိုက်ကွမ်ဒို အားကစားနည်းများကို ကိုရီးယား နိုင်ငံသို့လည်းကောင်း စေလွှတ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့အတူ ပြိုင်ပွဲဝင်လိုသည့် အဖွဲ့ချုပ်များ အနေဖြင့် မည်သည့်ဒေသတွင် မဆို စခန်းသွင်း လေ့ကျင့်နိုင်ပြီး စားစရိတ် နှင့် နိုင်ငံခြား နည်းပြ ဌားရမ်းစရိတ်များကို ပံ့ပိုး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။(Xinhua)