Sport
Egypt International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲ၌ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဗိုလ်စွဲ

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် အီဂျစ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ဘက် ဝေးလ်စ်နိုင်ငံသူ ဂျော်ဒန်ဟတ်ကို အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျော်ဒန်ဟတ်ကို ပထမ ပွဲစဉ်တွင် ၂၁-၆ ဖြင့် လည်းကောင်း ၊ ဒုတိယ ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား ဂျော်ဒန်ဟတ်က ဒဏ်ရာကြောင့် ရမှတ် ၁၁-၁ တွင် ဆက်လက် ယှဉ်ပြိ ုင်ခြင်း မပြ ုတာ့ဘဲ အရှုံးပေးခဲ့ရာ သက်ထားသူဇာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် နိုင်ခြေ အဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသော လက်ရှိ ချန်ပီယံ ကစားသမား ဖြစ်သကဲ့သို့ ပြိုင်ပွဲတွင် နှစ်နှစ်ဆက် ဗိုလ်စွဲသည့် အမျိုးသမီး ကြက်တောင်ရိုက် အားကစားမယ် တစ်ဦးလည်း ဖြစ်လာခဲ့ကြောင်း သိရသည်။(Xinhua)