Connect with us

Sport

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော AFF HD Bank Futsal Championship 2019 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဆီမီးဖိုင်နယ် တက်ရောက်ရန်သေချာ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်၌ ကမ္ဘောဒီးယား အသင်းကို ၁၃-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ရန်သေချာသွားခဲ့ကြောင်း သိရသည်။

ထိုပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို အောင်ဇင်ဦးက (၃)ဂိုး၊ လှိုင်မင်းထွန်း က (၂)ဂိုး၊ ကိုကိုလွင်က (၂)ဂိုး၊ ပြည့်ဖြိုးမောင်-၃ က(၂)ဂိုး၊ ပြည့်ဖြိုးမောင် (၂)၊ နိုင်ရဲကျော်၊ ဝေဇင်ဦး၊ ညိမ်းမင်းစိုးက (၁)ဂိုးစီ သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ–MFF) 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်က “ဒီပွဲစဉ်ဟာ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် ကစားသမားတွေ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ပြင်ဆင်ထားတဲ့ အတိုင်း ကစားနိုင်ခဲ့လို့ အခုလို ဂိုးတွေ အများကြီး ရရှိခဲ့တာပါ” ဟု ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ် အပြီးတွင် ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၂၃ ရက် (မြန်မာစံတော်ချိန် နံနက် ၁၁:ဝ၀ နာရီ)တွင် ထိုင်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.