Connect with us

Sport

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ရာဂျူလိုဗစ်အား စာချုပ် ဖျက်သိမ်း ၊ အန်တွမ်နီဟေးကို နည်းပြချုပ်သစ် အဖြစ် ခန့်အပ်မည်ဟု ကြေညာ 

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရာဂျူလိုဗစ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားနှင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက် နည်းပြချုပ် အဖြစ် ရာဂျူလိုဗစ်အား စာချုပ် ဖျက်သိမ်း၍ အန်တွမ်နီဟေးကို နည်းပြချုပ်သစ် အဖြစ် ခန့်အပ်မည်ဟု MFF မှ ယနေ့ သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီ အနေဖြင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် မြန်မာအသင်း ယှဉ်ပြိုင်ခဲ့မှုများအား ပြန်လည်လေ့လာ သုံးသပ်ခဲ့ပြီး ဆက်လက် တာဝန်ပေးရန် မသင့်တော် သည့် အတွက် နည်းပြချုပ်အဖြစ်မှ ရာဂျူလိုဗစ်အား နှစ်ဖက်သဘောတူညီချက် (Mutual Agreement) စာချုပ် ဖျက်သိမ်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းအတွက် အချိန်မီ နည်းပြသစ်တစ်ဦး ခန့်အပ်တာဝန်ပေးရမည် ဖြစ်ရာ မြန်မာ့ဘောလုံးနှင့် ရင်းနှီးမှုရှိထားပြီး ဖြစ်သည့် ဂျာမန်နည်းပြ အန်တွမ်နီဟေးကို နည်းပြချုပ်အဖြစ် လည်းကောင်း၊ ဦးကြည်လွင်ကို လက်ထောက်နည်းပြ အဖြစ်လည်းကောင်း နည်းစနစ်ကော်မတီက ခန့်အပ်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.