Connect with us

Sport

Football Channel Asia မှရွေးချယ်သည့် အကောင်းဆုံး ကစားသမား ၁၁ ဦးတွင် မြန်မာအသင်းမှ ၃ ဦး ပါဝင်

မြန်မာ ယူ -၂၃ အဖွဲ့ဝင်များအား ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ဘောလုံးအသင်း များအနက်မှ Football Channel Asia မှ ရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမား ၁၁ ဦးတွင် မြန်မာ အသင်းမှ ၃ ဦး ပါဝင်ခဲ့ပြီး၊ အကောင်းဆုံး အရန်ကစားသမား ၇ ဦး စာရင်းတွင် မြန်မာဘက်မှာ အရန် ၁ ဦး ပါဝင်ခဲ့သည် ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက ယနေ့ ဆင်ဟွာကို အတည်ပြု ပြောကြားသည်။

Football Channel Asia မှ အကောင်းဆုံး ဘောလုံးသမား ၁၁ ဦး နှင့် အရန် ၇ ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းမှ အကောင်းဆုံး ကစားသမား စုစုပေါင်း ၃ ဦး နှင့် အရန် တစ်ဦး အပါအဝင် စုစုပေါင်း ၄ ဦး ရွေးချယ်ခံရခြင်း ဖြစ်သည်။နေပြည်တော် ဘောလုံးအဖွဲ့ (နေပြည်တော် FC) မှ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက “ ဆီးဂိမ်း ပြိုင်ပွဲတွေ ပြီးတဲ့ အခါတိုင်းမှာ အကောင်းဆုံး ကစားသမားတွေ၊ ဂိုးသမားတွေကို ရွေးချယ်တာမျိုးရှိတယ်။ မြန်မာ နိုင်ငံက ရွေးချယ် ခံခဲ့ရဖူးပါတယ်။ အခုလည်း ပွဲကစားနေတဲ့ အချိန်မှာ သူတို့ အမှတ်တွေပေးထားပြီး ရွေးချယ်ခဲ့တာပေါ့။ မြန်မာ ကစားသမား ၄ ယောက် အရွေးခံရတယ်ဆိုတော့ များတယ်လို့ ပြောလို့ ရတာပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ ၄ ဦးလောက် အထိ အရေအတွက်များများ ရွေးချယ်ခံရခြင်းသည် မြန်မာအသင်း မှ ဗိုလ်လုပွဲ အထိ တက်အောင် ကစားနိုင်ခဲ့ခြင်းလည်း ပါဝင်သည် ဟု ဦးမျိုးလှိုင်ဝင်းက ဆိုသည်။အဆိုပါ ရွေးချယ်ခံရသည့် ၄ ဦးမှာ ဂိုးသမား ကျော်ဇင်ဖြိုး၊ အလယ်တန်း နှင့် အသင်းခေါင်းဆောင် နေလင်းထွန်း၊ အလယ်တန်း နှင့် ဘယ်တောင်ပံ ကစားသမား စည်သူအောင် တို့ပါဝင်ကြပြီး၊ ဘယ်နောက်ခံ အရန် ကစားသမား ဟိန်းသီဟဇော် တို့က ရွေးချယ်ခံရမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဂိုးသမား ကျော်ဇင်ဖြိုးသည် မြန်မာ ပရိတ်သတ်များ ၏ တခဲနက် အားပေးမှုကို ခံခဲ့ရ သူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအုပ်စု ပတ်လည်ပွဲစဉ်များတွင် ပေးဂိုးလေးဂိုးသာ ပေးခဲ့ရပြီး၊ အသင်းကို ဗိုလ်လုပွဲအဆင့်ထိ တက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး၊ ဗိုလ်လုပွဲတွင်လည်း တစ်ဖက်အသင်း၏ ထိုးဖောက်မှုကို အကောင်းဆုံး ကြိုးစား ကာကွယ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၊ အလယ်တန်းနှင့် အသင်း ခေါင်းဆောင် နေလင်းထွန်းသည် အသင်း၏ ကစားသမား များကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ကွင်းလယ်မှ ဘောလုံး များကို ထိရောက်စွာ ဖြန့်နိုင်ခဲ့သည့်အပြင် တိုက်စစ်ပိုင်းကို လည်း လိုက်ပါကစားနိုင်ကာ သွင်းဂိုးများနှင့်အတူ အသင်း ကို ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိအောင်စွမ်းဆောင်ပေး နိုင်သူဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း၊အလယ်တန်းနှင့် ဘယ် တောင်ပံကစားသမားဖြစ်သော စည်သူအောင်သည် အကြောက် အလန့်ကင်းစွာ သွက်သွက် လက်လက် ကစားနိုင်ခဲ့ခြင်းဖြစ်ပြီး တက်ဖက်မှပြိုင်ဘက်အသင်းကို လှည့်စားကစားနိုင်သည့် ခြေစွမ်းမျိုး ရှိခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

Football Channel Asia က 3-5-2 ပုံစံဖြင့် First Line up ရွေးချယ်ခဲ့သော အကောင်းဆုံးကစားသမား ၁၁ ဦးမှာ ဂိုး- ကျော်ဇင်ဖြိုး (မြန်မာ)၊ နောက်တန်း-Tanaboon Kesarat(ထိုင်း)၊ Artit Daosawang (ထိုင်း)၊ Que Ngoc Hai (ဗီယက်နမ်) စသည်ဖြင့်လည်းကောင်း၊ အလယ်တန်း -နေလင်းထွန်း (မြန်မာ)၊ စည်သူအောင် (မြန်မာ) ၊Chanathip Song Krasin (ထိုင်း)၊ Vo Huy Toan (ဗီယက်နမ်)၊ Evan Dimas (အင်ဒိုနီးရှား) စသည်ဖြင့် လည်းကောင်း၊ ရှေ့တန်း-Chananan Pombuppha (ထိုင်း)၊ Ngu yen Cong Phuong (ဗီယက်နမ်) တို့ဖြစ်ကြသည်။

ရန်ကစားသမား ခုနစ်ဦး ရွေးချယ်ရာတွင် ဟိန်းသီဟဇော် (မြန်မာ)၊ Chanin Sae-Eae(ထိုင်း)၊ Mac Hong Quan (ဗီယက်နမ်)၊ Keo Sokpheng (ကမ္ဘောဒီးယား)၊ Syahrul Azwari (မလေးရှား)၊ Faris Ramli (စင်ကာပူ)၊ Paulo Sitanggang (အင်ဒိုနီးရှား)တို့ ပါဝင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.