Connect with us

Sport

မြန်မာဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနေရာ ငွေတံဆိပ်ရရှိ

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာ အသင်း နှင့် ထိုင်း အသင်း ဗိုလ်လုပွဲကိုရန်ကုန် မြို့ တွင် တိုက်ရိုက်ကြည့်ရှု အားပေးနေသော မြန်မာ ပရိသတ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပနေသော ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၌ အမျိုးသား ဘောလုံးပွဲစဉ် ဖိုင်နယ်တွင် မြန်မာ ယူ ၂၃ ဘောလုံး အသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာ ဒုတိယဆု ရရှိခဲ့သည်။

ယနေ့ ထိုင်း အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ထိုင်းအသင်းမှ ၃-ဝဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆု ရွှေတံဆိပ်ကို ရရှိခဲ့ကာ မြန်မာအသင်းက ဒုတိယနေရာ ငွေတံဆိပ်ရရှိခဲ့သည် ။

မြန်မာအသင်းသည် အင်ဒိုနီးရှားနှင့် ပြိုင်ပွဲတွင် ၄ ဂိုး ၂ ဂိုး၊ ဖိလစ်ပိုင်နှင့် ပြိုင်ပွဲတွင်၅ဂိုး ၁ဂိုး၊ စကာၤပူနှင့် ပြိုင်ပွဲတွင် ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိထားပြီး ကမ္ဘောဒီးယားနှင့် ပြိုင်ပွဲတွင် သရည်ကျခဲ့သည်။

မြန်မာအသင်းသည် အရှေ့ တောင်အာရှ ကျွန်းဆွယ်အားက စားပြိုင်ပွဲ အမည်ဖြင့်ကျင်းပခဲ့ သည့် ၁၉၅၆၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နှင့် ၁၉၇၃ တို့တွင်ငါးကြိမ် ဆက်တိုက် ဗိုလ်စွဲခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117