Sport
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးနေရာ အတွက် MFF နှင့် နယ်သာလန် နည်းပြဟောင်း မစ္စတာ ရော်ဂျာ ရိုင်နာတို့လက်မှတ် ရေးထိုးမည်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းတွင် လွတ်လပ်နေသော နည်းပြချုပ် ရာထူးနေရာ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် နယ်သာလန် နည်းပြဟောင်း မစ္စတာ ရော်ဂျာ ရိုင်နာတို့လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း (MFF) မှ သိရသည်။
အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ပတ်သက်၍ မည်သို့ မျှော်မှန်း ထားရှိမှုများ၊ ချစ်ကြည်ရေး ပွဲများ အတွက် ပြင်ဆင်မှုများ၊ အထူးသဖြင့် AFF Woman Championship ပြိုင်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမျိုးသမီး လက်ရွေးစင် အသင်း နည်းပြချုပ် အဖြစ် တာဝန်ယူမည့် မစ္စတာ ရော်ဂျာ ရိုင်နာတို့သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းတွင် လွတ်လပ်နေသော နည်းပြချုပ် ရာထူးနေရာ အတွက် နယ်သာလန်နည်းပြဟောင်း မစ္စတာ ရော်ဂျာ ရိုင်နာအား ဆက်သွယ် ခေါ်ယူထားရာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာ ခဲ့သည်။ (Xinhua)