Connect with us

Sport

အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲ၌ အောင်မြင်မှု ရရှိရေး မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြ ရာထူး နေရာအတွက် နယ်သာလန် နည်းပြဟောင်းအား ဌားရမ်းခေါ်ယူ

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြ မစ္စတာ ရိုင်နာတို့ နှစ်ဘက် သဘောတူ စာချုပ် လက်မှတ်ထိုးပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံရှစ် (AFF Women’s Championship)ပြိုင်ပွဲ၌ အောင်မြင်မှု ရရှိရေးအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြ ရာထူးနေရာအတွက် နယ်သာလန် နည်းပြဟောင်း မစ္စတာ ရိုင်နာ အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ ၆ လ သက်တမ်းရှိသည့် စာချုပ်ဖြင့် ဌားရမ်း ခေါ်ယူခဲ့သည်။

“အားလုံး သိကြတဲ့ အတိုင်း မြန်မာ အမျိုးသမီး ဘောလုံး အသင်းက အရှေ့တောင် အာရှမှာ အမျိုးသား ဘောလုံးထက် စာရင် အလားအလာ ရှိတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။သူ့ကို ဌားရမ်းတာကတော့ အခြေခံအားဖြင့် ပြောရင်တော့ သူရဲ့ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့မှ ရွေးချယ်ဌားရမ်းခြင်း ဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အမှုဆောင် အရာရှိချုပ် နှင့် အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြ မစ္စတာ ရိုင်နာတို့သည် နှစ်ဘက် သဘောတူ စာချုပ်အား ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ MFF အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံရှစ် (AFF Women’s Championship)ပြိုင်ပွဲအား ဇူလိုင် ၂၄ မှ သြဂုတ် ၅ ရက်နေ့ထိ မန္တလေးမြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.