Connect with us

Sport

အာရှအမျိုးသမီး ယူ-၂၀ ဒုတိယအဆင့် ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အာရှအမျိုးသမီး ယူ-၂၀ ဒုတိယအဆင့်ခြေစစ်ပွဲဝင်ရန် တရုတ် အမျိုးသမီး ယူ-၂၀ အသင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့စဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

၂၀၂၄ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ယူ-၂၀ အမျိုးသမီး အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (ခ)ပွဲစဉ်များကို ဇွန်လ ၆ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ Media Director ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ ယနေ့ ဇွန် ၃ ရက်တွင် ပြောသည်။“အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရတဲ့အခါ ကစားကွင်းကနေ အားကစားသမားတွေ အတွက် နေရေးထိုင်ရေးကအစ အစစ အရာရာ ကြိုတင်ပြင်ဆင်ရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရတာ ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ဘောလုံးအဖွဲ့ ချုပ်အတွက်သာမက ကျွန်တော်တို့နိုင်ငံအတွက်ပါ ကောင်းပါတယ်။ အရင်ကလည်း အခုလိုနိုင်ငံတကာ ပွဲစဉ်တွေ ကျင်းပဖူးပါတယ်” ဟု ဦးဇော်မင်းထိုက်ကပြောသည်။

အာရှ အမျိုးသမီး ယူ-၂၀ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(ခ)ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ရာ အိမ်ရှင် မြန်မာနှင့်အတူ တရုတ်၊ တရုတ်(တိုင်ပေ)၊နီပေါ စသည့် အမျိုးသမီး ယူ-၂၀ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အုပ်စု (က) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ အီရန်နှင့် လက်ဘနွန်မှ အသင်းများ ပါဝင်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်အသင်းသည် ဇွန် ၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး တရုတ်တိုင်ပေအသင်းသည် ဇွန် ၄ ရက်တွင် ရောက်ရှိမည်ဖြစ်ကာ နီပေါအသင်းမှာမူ ဇွန် ၅ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ ပွဲစဉ်အားလုံးကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကစားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ယူ-၂၀ အမျိုးသမီး အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (က) ပွဲစဉ်များကို ဇွန်လ ၃ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

အုပ်စုတစ်ခုစီမှ အနိုင်ရရှိသူနှင့် ဒုတိယရရှိသူများသည် ၂၀၂၄ ယူ-၂၀ အမျိုးသမီး အာရှဖလား ဗိုလ်လုပွဲအတွက် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း AFC ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ AFC ယူ-၂၀ အမျိုးသမီး အာရှဖလား ပွဲစဉ်များကို မတ် ၃ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

#ဘောလုံး #ဦးဇော်မင်းထိုက် #Football #UZawMinHtike

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.