Connect with us

Sport

အာရှခြေစစ်ပွဲ ပွဲဦးထွက်တွင် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းက နီပေါအသင်းကို ဂိုးပြတ် အနိုင်ရ

ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဇွန်လ ၆ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ-၂၀ အမျိုးသမီးအသင်းပွဲစဉ် မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၆ ရက်၊ မြန်မာစံတော်ချိန် ည ၆း၃၀ နာရီက မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းက (၅-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန် ၂၂ မိနစ်တွင် ဇွန်မိုးပြည့်၊ ပွဲချိန် ၄၄ မိနစ်တွင် ယဉ်မိုးအိမ်၊ ပွဲချိန် ၄၆ မိနစ်တွင် ယဉ်လွန်းအိမ်၊ ပွဲချိန် ၆၉ မိနစ်တွင် လူစားဝင်လာသည့် ယွန်းဝတီလှိုင်၊ ပွဲချိန် မိနစ် ၉၀ တွင် ယဉ်လွန်းအိမ်တို့က သွင်းယူခဲ့ပြီး ပွဲအပြီးတွင် မြန်မာအသင်းက ၅-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.