Connect with us

Sport

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် က ၂၀၂၁ SEA Games  အတွက် ပြင်ဆင်မှုများ စတင်၊ ကစားသမားများရွေးချယ်ရန်ဆောင်ရွက်လျက်ရှိ 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၁ ဗီယက်နမ် နိုင်ငံ တွင် ကျင်းပမည့် SEA Games (ဆီးဂိမ်းပြိုင်ပွဲ )အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီဖြစ်၍ ကစားသမားများရွေးချယ်ရန် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၂၁ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် လိုသေးသော်လည်း နည်းပြချုပ် ပိုပေါ့ဗ်အနေဖြင့် အလားအလာရှိပြီး အသက်မီ သည့် ကစားသမားများကို ရေရှည်လေ့ကျင့်ပေးသွားရန် ကစားသမားရွေးချယ်မှုကို စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပိုပေါ့ဗ်သည် ယခုလအတွင်း စတင်ကျင်းပလျက်ရှိသည့် MNL လိဂ်ပွဲစဉ်များအပါအဝင် MNL-2 ပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲများကိုပါ လိုက်လံကြည့်ရှုမည်ဖြစ်ကာ အသက် ၂၂ နှစ်အောက် ပြိုင်ပွဲဖြစ်သောကြောင့် ယခုနှစ် တွင် အသက် ၂၁ နှစ်အောက်ရှိသည့် ကစားသမားများကို အဓိက ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့်အသင်းမှ အသက်မီသည့် ကစားသမားများကို ပြန်လည် ရွေးချယ်မည်ဖြစ်သော်လည်း ယခုနှစ်အတွင်း ဖွဲ့စည်းလေ့ကျင့်မည့် အသင်း တွင် ကစားသမားသစ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၂၂ အသင်း၏ ပြင်ဆင်မှုများနှင့်ပတ်သက်၍ နည်းပြချုပ် ပိုပေါ့ဗ်နှင့် ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်တွင် လိဂ်ပြိုင်ပွဲ ရပ်နားသည့် ကာလများတွင် ကာလတိုလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ၊မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းမရှိသော်လည်း ကမ္ဘောဒီးယားကို တတိယလုပွဲ တွင် အနိုင်ရကာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက် ထုတ် မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.