Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားများရွေးချယ် 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်မှုများ ဆောင်ရွက်စဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူနှင့် ယာယီနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြအဖြစ် ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ – ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား-မြဖူးငုံ (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ နောက်တန်း-ချစ်ချစ် (သစ္စာအားမာန်)၊ ခင်မျိုး ဝင်း၊ အိရတနာဖြိုး (အား/ကာသိပ္ပံ)၊ ခိုင်သဇင်၊ အေးအေးမိုး (မြဝတီ)၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး (YREO)၊ အလယ်တန်း – ခင်မာလာထွန်း၊ သင်းသင်းယု၊ နုနု (အား/ကာသိပ္ပံ)၊ ခင်မိုမိုထွန်း၊ ငယ်ငယ်ထွေး (သစ္စာအားမာန်)၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း (မြဝတီ)၊ ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ ရီရီဦး (အား/ကာသိပ္ပံ)နှင့် မြတ်နိုးခင် (YREO) တို့ ပါဝင်ကြကြောင်း သိရသည်။ 

မြန်မာအမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၅၊ ၂၈ ရက်တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများ ကစားပြီးနောက် အပြီးသတ်ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် စတင် လေ့ကျင့်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအဖြစ် ထိုင်းအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိုမ့်ခဲ့ကြောင်း သိရသည်။

အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ) တွင် ဩစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.