Sport
UEFA ချန်ပီယံလိဂ်ဖလားအား ယနေ့ ရန်ကုန်မြို့အနှံ့လှည့်လည်ပြသ

ရန်ကုန်၊မတ်၂၀ရက်(ဆင်ဟွာ)
UEFA (Union of European Football Associations) ချန်ပီယံလိဂ်ဖလားသည် ရန်ကုန်မြို့တွင် ယနေ့ မတ်လ(၂၀)ရက်နေ့၌ ရောက်ရှိ၍ ဖလားအား ရန်ကုန်မြို့အနှံ့ လှည့်လည်ပြသခဲ့သည်။
ဖလားအား သုဝဏ္ဏအားကစားကွင်းမှ စတင်သယ်ဆောင်လာပြီး ရွှေဂုံတိုင်၊ လှည်းတန်း သို့ လှည့်လည် ပြသ၍ ဆီဒိုးနား ဟိုတယ်တွင် ခေတ္တရပ်နားကာ UEFA ဖလား အား ပရိတ်သတ်ကို ၅ မိနစ်ခန့် ပြသခဲ့ရာ UEFA ပရိသတ်များမှ လက်ခုပ်များတီး၍ အားပေးခဲ့ကြသည်။
ပရိသတ်များမှ အားပေးကြည့်ရှုနေကြစဉ်(ဆင်ဟွာ)
မတ်လ(၂၁)ရက်နေ့တွင် အနိုင်ရ ထားသည့် Union Bar တွင် ပွဲကျင်းပရန်ရှိပြီး ချန်ပီယံလိဂ်ဖလား၏ အကြီးမားဆုံးပွဲအား မတ်လ(၂၆)ရက်နေ့ ရွှေထွဋ်တင်ကွင်း၌ ကျင်းပသွားရန်ရှိကြောင်း၊ ၁၈နှစ်ပြည့်ပြီးသူများသာ မှတ်ပုံတင် ပြ ၍ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း ၎င်းပွဲအားစီစဉ်သူ ဟက်နီကန်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၎င်းချန်ပီယံလိဂ်ဖလားအား မတ်လ ၂၇ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံသို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)