Connect with us

China

လီချန်နှင့် ကူဝိတ်နိုင်ငံ အိမ်ရှေ့မင်းသား Sheikh Sabah Al-Khaled Al-Hamad Al-Sabah တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ဒေသစံတော်ချိန် မေ ၂၆ ရက် ညနေပိုင်းတွင် ကွာလာလမ်ပူ၌ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သော ကူဝိတ်နိုင်ငံ၏ အိမ်ရှေ့မင်းသား Sheikh Sabah Al-Khaled Al-Hamad Al-Sabah နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် မေ ၂၆ ရက် ညနေပိုင်းတွင် ကွာလာလမ်ပူ၌ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သော ကူဝိတ်နိုင်ငံ၏ အိမ်ရှေ့မင်းသား Sheikh Sabah Al-Khaled Al-Hamad Al-Sabah နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် ကူဝိတ်နိုင်ငံသည် သံတမန်ဆက်ဆံရေးထူထောင်သည့် ရာစုနှစ်ဝက်ကျော်ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်အမြဲ တည်ငြိမ်၊ ကောင်းမွန်စွာ ရှေ့သို့ လျှောက်လှမ်းလျက်ရှိကြောင်း၊ အထူးသဖြင့် ယခုနှစ်များတွင် သမ္မတ ရှီကျင့်ဖိန်နှင့် Mishal Al-Ahmad Al-Jaber Al-Sabah ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် နှစ်ဖက်ဆက်ဆံရေးသည် လျင်မြန်စွာ တိုးတက်လာခဲ့သလို လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများမှာ ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကူဝိတ်နိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုအား ခိုင်မြဲစေရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းမှု၊ လက်တွေ့ကျမှု ရှိစေရေး တွန်းအားပေးရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-ကူဝိတ် စီးပွားရေးကဏ္ဍ အပြန်အလှန် ဖြည့်စွက်မှု အားကောင်းရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာမှာ ကျယ်ပြောကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကူဝိတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်နှင့် ကူဝိတ်၏ “၂၀၃၅ အမျိုးသားရေး မျှော်မှန်းချက်” ချိတ်ဆက်မှုကို အားဖြည့် သွားလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို စဉ်ဆက်မပြတ် ချဲ့ထွင်ကာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကြီးများ တည်ဆောက်ရေးကို အရှိန်မြှင့်တွန်းအားပေးရန်၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တု စသည့် ကဏ္ဍများပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ ဘုံအကျိုး ဖြစ်ထွန်းသော အလားအလာသစ်များကို ဖွင့်လှစ်ကာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွင် အပြန်အလှန် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ပညာရေး၊ ခရီးသွားလာရေး စသည့် လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ရမည်ဖြစ်ရာ လူပုဂ္ဂိုလ် ကူးလူးသွားလာမှုကို တစ်ဆင့်တိုး အဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံချစ်ကြည်ရေး စိတ်နှလုံးတွင် ပို၍စွဲမြဲနက်ရှိုင်းစေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ အရှိန်မြင့်တက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကူဝိတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ တရုတ်- ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC)၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)၊ အာရှ အပြန်အလှန် ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ညီလာခံ (CICA) စသည့် နိုင်ငံစုံပလက်ဖောင်းများ၌ ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ ကမ္ဘာကြီးသင့်မြတ်ရေးနှင့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း လီချန်က ပြောကြားခဲ့သည်။

Al-Sabah က ကူဝိတ်-တရုတ် အစဉ်အလာ ချစ်ကြည်ရေးသည် နက်ရှိုင်းကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် ကူဝိတ်-တရုတ် ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော အရှိန်အဟုန် ပေါ်လွင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
——————-
(Chinese Version)
李强会见科威特王储萨巴赫
新华社吉隆坡5月26日电(记者黄尹甲子 吴夏)当地时间5月26日下午,国务院总理李强在吉隆坡出席东盟-中国-海合会峰会期间会见海合会轮值主席国科威特王储萨巴赫。
李强表示,中国和科威特建交半个多世纪以来,两国关系始终稳健前行。特别是近些年,在习近平主席和米沙勒埃米尔的战略引领下,双边关系快速发展,务实合作取得丰硕成果。中方愿同科方一道继续努力,巩固政治互信,深化互利合作,推动两国关系不断走深走实。
李强指出,中科经济互补性强,两国合作前景广阔。中方愿同科方加强共建“一带一路”倡议与科威特“2035国家愿景”对接,不断拓宽合作领域,加快推进重大合作项目建设,深化能源、投资、绿色经济、数字经济、人工智能等领域合作,开辟更多共赢新空间,在发展振兴的道路上彼此成就。双方要加强教育、旅游等人文交流合作,进一步便利人员往来,推动两国友好更加深入人心。当前国际形势变乱交织,单边主义、保护主义上升。中方愿同科方加强在联合国、中国-海合会、上合组织、亚信会议等多边平台沟通协调,推动全球治理朝着更加公正合理的方向发展,促进世界和谐稳定、发展繁荣。
萨巴赫表示,科中传统友谊深厚。在两国元首战略引领下,科中关系呈现良好发展势头。科方感谢中方支持科维护主权和领土完整,坚定恪守一个中国原则,支持中方在涉及自身核心利益问题上的立场。科方高度重视发展对华关系,愿同中方共同努力,积极落实两国元首达成的重要共识,挖掘合作潜力,拓展合作领域,深化互利合作,加强人文交流,促进海合会同中国合作,密切地区和多边事务沟通协调,推动两国关系迈向更高水平。(完)
1. 当地时间5月26日下午,国务院总理李强在吉隆坡出席东盟-中国-海合会峰会期间会见海合会轮值主席国科威特王储萨巴赫。 新华社记者 刘彬 摄